ယၾတာ

17.4.2021 နေ့မှ 26.4.2021 နေ့အတွင်း ၁၀ ရက်တာ အကောင်းဆုံးယတြာ

Written by 5qt5gZ4vbA

17.4.2021 နေ့မှ 26.4.2021 နေ့အတွင်း ၁၀ ရက်တာ အကောင်းဆုံးယတြာ

ဤရက်အတွင်း မည်သည့်နေ့မဆို နံနက် ၆နာရီမှ ၇နာရီ၃၀အတွင်း လုပ်ထားနိုင်ပါတယ် ..။

မိမိနေအိမ်ဘုရားကျောင်းဆောင်တွင် ကြွေပန်းကန်မှာ ငှက်ပျောပေါင်းထည့် ပြီးဘုရားကပ်လှူပါ..။

ဂန္ဓမာပန်း ၉ပွင့် ပန်းအိုးလှူပေးပါ..။ ဘုရားဂုဏ်တော် ၉ ပါး ၉ခေါက်ရွတ်ဆိုပြီး လိုရာဆုတောင်းရပါမည်..။

နေ့လည် ၁၂ နာရီမကျော်မှီ ပြန်စွန့်ရပါမည်.။ ထို ကပ်လှူထားသော ငှက်ပျောပေါင်း ကို မိသားစုစားသုံးနိုင်ပါတယ် ခင်ဗျား ..။

ပန်းအိုးကိုမစွန့်ပဲထား၍ ငြိုးသွားမှ ထို ၁၀ ရက်အတွင်း ပြန်အသစ်လဲနိုင်ပါတယ်..။

ဤယတြာကို လုပ်ထားခြင်းဖြင့် ထိုရက်တာ ကာလအတွင်း

စိတ်ချမ်းသာ ကိုယ်ကျန်းမာလာခြင်း လိုတရပြီး ကြံစည်တိုင်းအောင်မြင်လာခြင်း စိတ်ကြည်လင်အေးချမ်းလာခြင်း များအကျိုးထူးလာမည် ဖြစ်ပါစေကြောင်း

10 ရက်တာ 10 ရက်တာ ပြုလုပ်ဖွယ် အဆင်ပြေအောင်မြင်စေသောယတြာများကို အလျင်းသင့်သလို တင်ပေးသွားမှာဖြစ်ပါတယ် ခင်ဗျား..။

မိတ်ဆွေများအားလုံးဘေးရန်ကင်းကြပါစေ.။ စိုးရိမ်ကြောင်းကြခြင်းမှ ကင်းဝေးကြပါစေ.။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ.။

ဆရာဦးမင်းနိုင်နှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအား အစဥ် ခြေရင်းဦးခိုက်လျက်…

ဆရာတင်ထူး ဗေဒင်နှင့်ယတြာအစီရင် 09 259021778 / 09 750190659

Zawgyi













About the author

5qt5gZ4vbA

Leave a Comment