ၾကားသိရသမ်ွ

မနက်ဖြန် မေလ ၁ ရက်နေ့ မိုဘိုင်းအင်တာနက်များ ပြန်ဖွင့်မယ့်ကိစ္စ

Written by 5qt5gZ4vbA

မနက်ဖြန် မေလ ၁ ရက်နေ့ မိုဘိုင်းအင်တာနက်များ ပြန်ဖွင့်မယ့်ကိစ္စ အတည်မပြုနိုင်သေး

မိုဘိုင်းအင်တာနက်များကို မနက်ဖြန် မေလ ၁ ရက်နေ့ မှ စပြီး ပြန်ဖွင့်ပေးမယ် ဆိုတဲ့သတင်းမှာ အတည်မပြုနိုင်သေးတဲ့ (ကောလာဟလ) သာဖြစ်ပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်လို့ ကျနော်တို့ စုံစမ်းထားသမျှ သတင်းရင်းမြစ်တွေအားလုံးကလည်း ” အတည်မပြုနိုင်ပါ” လို့ပဲပြောပါတယ်။

ISP တွေကလည်း ဒါနဲ့ပတ်သက်ပြီးဘာမှ မကြေညာထားသေးပါဘူး။ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့တာကိုပဲ ပြန်ပြောပါ့မယ်။

ဒီအင်တာနက်၊ ဝိုင်ဖိုင်တွေ ကန့်သတ်/ ဖြတ်တောက်/ပြန်ဖွင့်တဲ့ကိစ္စတွေသည် ဘယ်တော့မှ ကြိုပြီးမသိခဲ့ရဖူးပါဘူး။ အနီးနားကပ်မှသာ သိရပါတယ်။

 

ဒီလို ပိတ်/ဖွင့်/ကန့်သတ်ပြီဆို အများအားဖြင့် စာထွက်ခဲ့သလို တစ်ခါတစ်လေကျ စာမထွက်ဘဲ အွန်လိုင်းပေါ်က စိတ်ချရတဲ့ ရင်းမြစ်တွေက အတည်ပြုပေးပါတယ်။ အဲ့တော့မှသာ သိကြရပါတယ်။

ဒါကိုအားလုံးလည်း သိကြမှာပါ။

အင်တာနက်သတင်းများနဲ့ပတ်သက်လို့ ကျနော်တို့လည်း အချိန်ပြည့် စောင့်ကြည့်နေပြီးထူးခြားတာနဲ့ အမြန်ဆုံး အသိပေးသွားပါ့မယ်ခင်ဗျာ။Credit

 

Zawgyi




 




 



About the author

5qt5gZ4vbA

Leave a Comment