ၾကားသိရသမ်ွ

ကြောက်ဖို့ကောင်းလာတဲ့ မန္တလေး (အားလုံးဂရုစိုက်ကြပါ)

Written by 5qt5gZ4vbA

ကြောက်ဖို့ကောင်းလာတဲ့ မန္တလေး (အားလုံးဂရုစိုက်ကြပါ)

မနေ့က ညနေ ၅ နာရီခွဲ ဝန်းကျင်လောက်က

၇၈ လမ်း ၃၆×၃၇ လမ်း ကြားမှာ

Accident ဖြစ်တယ်ဆိုလို့ …၊

 

ကျွန်တော်တို့ သွားရောက်ကူညီခဲ့ပါတယ် …။

အဲ့ရောက်မှ ကျွန်တော်တို့ သိရတယ် …။

ဆိုင်ကယ် တစ်ယောက်တည်း စီးလာတဲ့

ကောင်မလေးတစ်ယောက် ဆီကနေ

ဆိုင်ကယ်တစ်စီး လူလေးယောက်မှ

ဆိုင်ကယ် ဖုန်း နဲ့ ဆွဲကြိုးကို

လုယက်မှု ဖြစ်ပွားခဲ့တာပါ …။

ဆိုင်ကယ်နဲ့ဖုန်းတော့ ပါသွားခဲ့ပါတယ်

ဆွဲကြိုးတော့ ပါမသွားခဲ့ပါဘူး

ကောင်မလေးကို အသင့်ပါလာသော ဓားဖြင့် ထိုးခဲ့သော်လည်း

 

ကံကောင်းလို့ ပေါင်ကိုပဲ ရှပ်ထိုးမိခဲ့ပါတယ် …။

ကျွန်တော်တို့လည်း နီးစပ်ရာ ဆေးခန်းကို

အမြန်ဆုံး ပို့ဆောင်ကူညီပေးခဲ့ပါတယ် …။

ဆေးခန်းမှနေအိမ်အထိ ပို့ဆောင်ပေးခဲ့ပါတယ်

အသက်အန္တရာယ်တော့မစိုးရိမ်ရတော့ပါဘူး …။

အခုရက်ပိုင်း

လူတွေမှ စီးပွားရေး အဆင်မပြေရတဲ့ ကြားထဲ

 

လုယက်သမားများရန်ကို ကြောက်ရနဲ့

အကုန် သတိထား သွားလာကြပါဗျာ

အထူးသဖြင့် မိန်းကလေးများ

ပိုသတိထား သွားလာစေချင်ပါတယ်နော် …။

30.4.2021

ရွှေချည်စေတနာလူမှုကူညီရေးအသင်း

Source – Aung Myint Myat

 

Zawgyi

ေၾကာက္ဖို႕ေကာင္းလာတဲ့ မႏၱေလး (အားလံုးဂရုစိုက္ၾကပါ)

မေန႔က ညေန ၅ နာရီခြဲ ဝန္းက်င္ေလာက္က

၇၈ လမ္း ၃၆×၃၇ လမ္း ၾကားမွာ

Accident ျဖစ္တယ္ဆိုလို႔ …၊

ကၽြန္ေတာ္တို့ သြားေရာက္ကူညီခဲ့ပါတယ္ …။

အဲ့ေရာက္မွ ကၽြန္ေတာ္တို႕ သိရတယ္ …။

ဆိုင္ကယ္ တစ္ေယာက္တည္း စီးလာတဲ့

ေကာင္မေလးတစ္ေယာက္ ဆီကေန

ဆိုင္ကယ္တစ္စီး လူေလးေယာက္မွ

ဆိုင္ကယ္ ဖုန္း နဲ႔ ဆြဲႀကိဳးကို

လုယက္မႈ ျဖစ္ပြားခဲ့တာပါ …။

ဆိုင္ကယ္နဲ႔ဖုန္းေတာ့ ပါသြားခဲ႔ပါတယ္

ဆြဲႀကိဳးေတာ့ ပါမသြားခဲ့ပါဘူး

ေကာင္မေလးကို အသင့္ပါလာေသာ ဓားျဖင္႔ ထိုးခဲ့ေသာ္လည္း

ကံေကာင္းလို႔ ေပါင္ကိုပဲ ရွပ္ထိုးမိခဲ့ပါတယ္ …။

ကၽြန္ေတာ္တို႔လည္း နီးစပ္ရာ ေဆးခန္းကို

အျမန္ဆုံး ပို႔ေဆာင္ကူညီေပးခဲ့ပါတယ္ …။

ေဆးခန္းမွေနအိမ္အထိ ပို႔ေဆာင္ေပးခဲ့ပါတယ္

အသက္အႏၲရာယ္ေတာ ့မစိုးရိမ္ရေတာ႔ပါဘူး …။

အခုရက္ပိုင္း

လူေတြမွ စီးပြားေရး အဆင္မေျပရတဲ့ ၾကားထဲ

လုယက္သမားမ်ားရန္ကို ေၾကာက္ရနဲ႔

အကုန္ သတိထား သြားလာၾကပါဗ်ာ

အထူးသျဖင့္ မိန္းကေလးမ်ား

ပိုသတိထား သြားလာေစခ်င္ပါတယ္ေနာ္ …။

30.4.2021

ေရႊခ်ည္ေစတနာလူမွုကူညီေရးအသင္း

Source – Aung Myint Myat

About the author

5qt5gZ4vbA

Leave a Comment