Uncategorized

သူမေနထိုင္တဲ့ ငါးထပ္ခြဲတိုက္အိမ္ႀကီးကို ထုတ္ေဖာ္ျပသလိုက္တဲ့ ပန္းေရာင္ျခယ္

Written by 5qt5gZ4vbA

အဆိုေတာ္မေလး ပန္းေရာင္ျခယ္ကေတာ့ ဖခင္ျဖစ္သူ ဂေရဟမ္ရဲ႕ ဂီတအေမြကို အျပည့္အဝဆပိခံထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ မၾကာေသးမီ နာရီပိုင္းေလာက္ကလည္း သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပုံေလးေတြ တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ နန္းေတာ္ႀကီးတမွ်ခမ္းနားက်ယ္ဝန္းလွပလြန္းေသာ သူမတို႔မိသားစုေနထိုင္တဲ့ ငါးထပ္ခြဲတိုက္အိမ္ႀကီးကို ထုတ္ေဖာ္ျပသလိုက္တာပဲ ျဖစ္ပါတယ္။

သူမကလည္း “ပန္း​ေရာင္ ရဲ႕ private account မွာ memory ေလးျပန္တက္လာလို႔။ ဒီအိမ္​ေလး Mummy ​ေဆာက္လို႔ၿပီးတာ ၅ ႏွစ္ရွိၿပီ။ Mummy က engineering တို႔ architecture တို႔နဲ႔ေက်ာင္းၿပီးတာမဟုတ္တဲ့အတြက္ ဒီပညာကိုတတ္ကြၽမ္းလို႔လုပ္တာမဟုတ္ပဲ မိသားစုအတြက္ business တစ္ခုျဖစ္ေအာင္ဆိုၿပီး ငယ္ငယ္ထဲက တတ္သေလာက္ေလးနဲ႔ စလုပ္ခဲ့တယ္၊ အၿမဲေလ့လာတယ္၊ ကိုယ္တိုင္လည္းအရမ္း creative ျဖစ္တယ္။

ပန္း​ေရာင္တို႔ သားအဖသုံး​ေယာက္က အႏုပညာအလုပ္ကိုပဲ ခ်စ္ၿပီးအားသန္တာ၊ စီးပြား​ေရးပိုင္းကို အားမသန္ၾကဘူး။ မိသားစုထဲမွာMummy က business mind-set အရမ္းရွိလို႔​ေတာ္​ေသးတယ္ ဟီး။ Daddy နဲ႔ အိမ္​ေထာင္က်​ၿပီး ပန္းေရာင္ကိုေမြးတဲ့အခ်ိန္အထိ ၂ ေယာက္လုံးက တကၠသိုလ္​ေက်ာင္းသူေက်င္းသား ဘဝပဲရွိ​ေသးတယ္။ Daddy က ဒရမ္တီးၿပီးမိသားစုအတြက္ပိုက္ဆံရွာေပးတယ္ Mummy ကလဲ မလိုတာမသုံးပဲ ရွိတဲ့ပိုက္ဆံေလးေတြကို စနစ္တက်သုံးတယ္။၂ ေယာက္သားငယ္ငယ္ထဲကအတူ ဘဝကိုႀကိဳးစား႐ုန္းကန္ရင္းျဖတ္သန္းလာခဲ့တယ္။ Daddy အဆိုေတာ္ျဖစ္ၿပီးေနာက္ ရႈိးပြဲေတြဆို အေခြေရာင္းလို႔ရလာတဲ့ ​ေငြေတြကို သူ႔အတြက္ ပိုက္ဆံအိတ္၊ စိန္​ေ႐ႊရတနာမဝယ္ဘဲ ဘိလပ္​ေျမတို႔ အုတ္တို႔ပဲဝယ္ခဲ့တယ္။

Daddy ရွာလို႔ရလာတဲ့ အႏုပညာ​ေၾကး​ေတြစုၿပီး Mummy က ​ေျမကြက္အလြတ္​ေလး​ေတြဝယ္လိုက္၊ အိမ္ဒီဇိုင္းအျပင္​ေရာအတြင္းေရာစဥ္းစား၊ အခန္းဖြဲ႕စည္းပုံ၊ နံရံကပ္ wallpaper၊ မ်က္ႏွာၾကက္ဒီဇိုင္း၊ ပန္းေရာင္တို႔အတြက္ဆိုဗီ႐ို မွန္တင္ခုံကပါအစ ကိုယ္တိုင္ဒီဇိုင္းစဥ္းစားၿပီး ဖန္တီး​ေပးတယ္။ ေန႔တိုင္း ဆိုက္ထဲဆင္းတယ္၊ ေဆာက္လို႔ၿပီးၿပီဆို အဲ့ၿခံနဲ႔အိမ္ကို​ေရာင္းလိုက္၊ ၿပီးရင္​ေနာက္တစ္ၿခံဝယ္လိုက္၊ ေဆာက္လိုက္ ေရာင္းလိုက္ အဲ့လိုမ်ိဳးစီးပြားရွာခဲ့တယ္။

အဲ့ဒါတင္မဟုတ္ဘူး Daddy ရဲ႕ အ​ေခြထုတ္လုပ္​ေရးအပိုင္းမွာလဲ အ​ေခြ promotion ဘယ္လိုလုပ္မယ္၊valentine’s album ဆိုရင္ အေခြထဲမွာ postcard လက္​ေဆာင္​ေလး​ေတြဘယ္လိုထည့္​ေပးမယ္၊ အေခြအတြက္တီဗြီေၾကာ္ျငာဆက္္လဲ ဒါ႐ိုက္တာဦးပီတာ၊ ဦးမီးပြားတို႔နဲ႔အတူ သူ edit ထိုင္ဆက္တယ္၊ album cover photoshoot မွာDaddy နဲ႔ အတူ႐ိုက္မယ့္ မင္းသမီးဝတ္ဖို႔ဝတ္စုံကအစ သူစဥ္းစားစီစဥ္ေပးတယ္။ အရမ္းထက္ျမတ္ၿပီး မိသားစုကိုလဲအရမ္းခ်စ္တဲ့သူတစ္ေယာက္။ ပန္းေရာင္တို႔အတြက္ ဒီအိမ္ေလးေဆာက္တဲ့အခ်ိန္ ၁ ႏွစ္ နဲ႔ ၈ လ အတြင္း ၅ ထပ္ခြဲကို သူေန႔တိုင္းတက္လိုက္ဆင္းလိုက္နဲ႔ ဒူး​ေခါင္းအ႐ြတ္ပါပါးသြားရွာတယ္။

ငယ္ငယ္ထဲက ပန္းေရာင္တို႔အိမ္ကို ဧည့္သည္လာၿပီဆိုရင္ “မသၪၨာ ေဆာက္ထားတဲ့အိမ္ေလးက လွလိုက္တာ” ဆိုၿပီးအၿမဲၾကားရတယ္။ အိမ္လွလွေလးေတြနဲ႔ေနခြင့္ရလို႔ ကိုယ့္ကိုယ္ကို အရမ္းကံေကာင္းတယ္လို႔ထင္မိတယ္။ ပန္း​ေရာင္အၿမဲ​ေတြးမိတယ္၊ အကယ္၍ပန္း​ေရာင္ အိမ္​ေထာင္ျပဳခဲ့သည္ရွိ​ေသာ္၊ Mummy လို ဇနီး​ေကာင္း မိခင္​ေကာင္း ျဖစ္ႏိုင္ပါ့မလားေပါ့။

ကိုယ္ရဲ႕အခ်ိန္၊ အသိပညာအတတ္ပညာနဲ႔ ​ေမတၱာေတြ​ေပးၿပီး ေယာက်ာ္းနဲ႔က​ေလး​ေတြကို က်န္းမာ​ေပ်ာ္႐ႊင္​ေအာင္ထားႏိုင္ဖို႔၊ ကိုယ့္အလွည့္က်ရင္ အဲ့လို​ေပးဆပ္ႏိုင္ပါ့မလား​ေတြးမိတယ္။ ပန္း​ေရာင္တို႔သုံး​ေယာက္ရဲ႕ ဘဝအတြက္ Mummy က တန္ဖိုးမျဖတ္ႏိုင္တဲ့သူတစ္​ေယာက္ 💕ဒီလိုမိခင္မ်ိဳးရဲ႕ သမီးျဖစ္ရတာ အရမ္းဂုဏ္ယူတယ္။ မိဘရဲ႕ ​ေက်းဇူးနဲ႔​ေမတၱာက​ေတာ့ ဘယ္ေတာ့မွ ဆပ္လို႔ကုန္မွာမဟုတ္ဘူး။ အတူရွိေနတဲ့အခ်ိန္​ေတြကို အၿမဲတန္ဖိုးထားဖို႔ႀကိဳးစားရင္း.. 💕” ဆိုၿပီး ေရးသားထားတာပဲျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ကူးယူတင္ဆပ္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Paung Yaung Chel

Unicode

နန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တဲ့ ပန်းရောင်ခြယ်

အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ ဖခင်ဖြစ်သူ ဂရေဟမ်ရဲ့ ဂီတအမွေကို အပြည့်အဝဆပိခံထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးမီ နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမတို့မိသားစုနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။

သူမကလည်း “ပန်း​ရောင် ရဲ့ private account မှာ memory လေးပြန်တက်လာလို့။ ဒီအိမ်​လေး Mummy ​ဆောက်လို့ပြီးတာ ၅ နှစ်ရှိပြီ။ Mummy က engineering တို့ architecture တို့နဲ့ကျောင်းပြီးတာမဟုတ်တဲ့အတွက် ဒီပညာကိုတတ်ကျွမ်းလို့လုပ်တာမဟုတ်ပဲ မိသားစုအတွက် business တစ်ခုဖြစ်အောင်ဆိုပြီး ငယ်ငယ်ထဲက တတ်သလောက်လေးနဲ့ စလုပ်ခဲ့တယ်၊ အမြဲလေ့လာတယ်၊ ကိုယ်တိုင်လည်းအရမ်း creative ဖြစ်တယ်။

ပန်း​ရောင်တို့ သားအဖသုံး​ယောက်က အနုပညာအလုပ်ကိုပဲ ချစ်ပြီးအားသန်တာ၊ စီးပွား​ရေးပိုင်းကို အားမသန်ကြဘူး။ မိသားစုထဲမှာMummy က business mind-set အရမ်းရှိလို့​တော်​သေးတယ် ဟီး။ Daddy နဲ့ အိမ်​ထောင်ကျ​ပြီး ပန်းရောင်ကိုမွေးတဲ့အချိန်အထိ ၂ ယောက်လုံးက တက္ကသိုလ်​ကျောင်းသူကျေင်းသား ဘဝပဲရှိ​သေးတယ်။

Daddy က ဒရမ်တီးပြီးမိသားစုအတွက်ပိုက်ဆံရှာပေးတယ် Mummy ကလဲ မလိုတာမသုံးပဲ ရှိတဲ့ပိုက်ဆံလေးတွေကို စနစ်တကျသုံးတယ်။၂ ယောက်သားငယ်ငယ်ထဲကအတူ ဘဝကိုကြိုးစားရုန်းကန်ရင်းဖြတ်သန်းလာခဲ့တယ်။ Daddy အဆိုတော်ဖြစ်ပြီးနောက် ရှိုးပွဲတွေဆို အခွေရောင်းလို့ရလာတဲ့ ​ငွေတွေကို သူ့အတွက် ပိုက်ဆံအိတ်၊ စိန်​ရွှေရတနာမဝယ်ဘဲ ဘိလပ်​မြေတို့ အုတ်တို့ပဲဝယ်ခဲ့တယ်။

Daddy ရှာလို့ရလာတဲ့ အနုပညာ​ကြေး​တွေစုပြီး Mummy က ​မြေကွက်အလွတ်​လေး​တွေဝယ်လိုက်၊ အိမ်ဒီဇိုင်းအပြင်​ရောအတွင်းရောစဥ်းစား၊ အခန်းဖွဲ့စည်းပုံ၊ နံရံကပ် wallpaper၊ မျက်နှာကြက်ဒီဇိုင်း၊ ပန်းရောင်တို့အတွက်ဆိုဗီရို မှန်တင်ခုံကပါအစ ကိုယ်တိုင်ဒီဇိုင်းစဥ်းစားပြီး ဖန်တီး​ပေးတယ်။ နေ့တိုင်း ဆိုက်ထဲဆင်းတယ်၊ ဆောက်လို့ပြီးပြီဆို အဲ့ခြံနဲ့အိမ်ကို​ရောင်းလိုက်၊ ပြီးရင်​နောက်တစ်ခြံဝယ်လိုက်၊ ဆောက်လိုက် ရောင်းလိုက် အဲ့လိုမျိုးစီးပွားရှာခဲ့တယ်။

အဲ့ဒါတင်မဟုတ်ဘူး Daddy ရဲ့ အ​ခွေထုတ်လုပ်​ရေးအပိုင်းမှာလဲ အ​ခွေ promotion ဘယ်လိုလုပ်မယ်၊valentine’s album ဆိုရင် အခွေထဲမှာ postcard လက်​ဆောင်​လေး​တွေဘယ်လိုထည့်​ပေးမယ်၊ အခွေအတွက်တီဗွီကြော်ငြာဆက််လဲ ဒါရိုက်တာဦးပီတာ၊ ဦးမီးပွားတို့နဲ့အတူ သူ edit ထိုင်ဆက်တယ်၊ album cover photoshoot မှာDaddy နဲ့ အတူရိုက်မယ့် မင်းသမီးဝတ်ဖို့ဝတ်စုံကအစ သူစဥ်းစားစီစဥ်ပေးတယ်။

အရမ်းထက်မြတ်ပြီး မိသားစုကိုလဲအရမ်းချစ်တဲ့သူတစ်ယောက်။ ပန်းရောင်တို့အတွက် ဒီအိမ်လေးဆောက်တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ်ခွဲကို သူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ ဒူး​ခေါင်းအရွတ်ပါပါးသွားရှာတယ်။ ငယ်ငယ်ထဲက ပန်းရောင်တို့အိမ်ကို ဧည့်သည်လာပြီဆိုရင် “မသဉ္ဇာ ဆောက်ထားတဲ့အိမ်လေးက လှလိုက်တာ” ဆိုပြီးအမြဲကြားရတယ်။ အိမ်လှလှလေးတွေနဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ထင်မိတယ်။

ပန်း​ရောင်အမြဲ​တွေးမိတယ်၊ အကယ်၍ပန်း​ရောင် အိမ်​ထောင်ပြုခဲ့သည်ရှိ​သော်၊ Mummy လို ဇနီး​ကောင်း မိခင်​ကောင်း ဖြစ်နိုင်ပါ့မလားပေါ့။ ကိုယ်ရဲ့အချိန်၊ အသိပညာအတတ်ပညာနဲ့ ​မေတ္တာတွေ​ပေးပြီး ယောကျာ်းနဲ့က​လေး​တွေကို ကျန်းမာ​ပျော်ရွှင်​အောင်ထားနိုင်ဖို့၊ ကိုယ့်အလှည့်ကျရင် အဲ့လို​ပေးဆပ်နိုင်ပါ့မလား​တွေးမိတယ်။

ပန်း​ရောင်တို့သုံး​ယောက်ရဲ့ ဘဝအတွက် Mummy က တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်​ယောက် 💕ဒီလိုမိခင်မျိုးရဲ့ သမီးဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ မိဘရဲ့ ​ကျေးဇူးနဲ့​မေတ္တာက​တော့ ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး။ အတူရှိနေတဲ့အချိန်​တွေကို အမြဲတန်ဖိုးထားဖို့ကြိုးစားရင်း.. 💕” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆပ်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paung Yaung Chel

About the author

5qt5gZ4vbA

Leave a Comment